back

ဂျပန်တွင် မူလတန်းကျောင်းသား ၇ ဦးအား ကားဖြင့်ဝင်တိုက်သည့် အမျိုးသားကို ဖမ်းဆီး

May 03 • 2:42 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်တွင် မူလတန်းကျောင်းသား ၇ ဦးအား ကားဖြင့်ဝင်တိုက်သည့် အမျိုးသားကို ဖမ်းဆီး

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ မေ ၁ ရက်က ကျောင်းချိန်အပြီး အိမ်ပြန်နေတဲ့ မူလတန်းကျောင်းသား ကလေးငယ် ၇ ယောက်ဆီကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ မော်တော်ကားနဲ့ ဝင်တိုက်ခ...

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ မေ ၁ ရက်က ကျောင်းချိန်အပြီး အိမ်ပြန်နေတဲ့ မူလတန်းကျောင်းသား ကလေးငယ် ၇ ယောက်ဆီကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ မော်တော်ကားနဲ့ ဝင်တိုက်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားတယောက်ကို မေ ၁ ရက်က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ နေ့လယ် ၁ နာရီ ၃၅ မိနစ်မှာ လမ်းသွားလမ်းလာတယောက်က အရေးပေါ် ဖုန်းခေါ်ဆိုခဲ့ပြီး အိုဆာကာ နိရှိနာရီရပ်ကွက်ရှိ လမ်းတခုမှာ “ကလေးငယ်တချို့ ကားတိုက်ခံရကြောင်း” တိုင်ကြားခဲ့တာပါ။ ကားနဲ့ဝင်တိုက်ခံရတဲ့ ဒုတိယတန်းကျောင်းသား ၅ ယောက်နဲ့ တတိယတန်းကျောင်းသား ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီးတော့ သူတို့ကို ဆေးရုံပို့ဆောင်ပေးခဲ့ပေမဲ့ ၇ ယောက်လုံး သတိရှိကြတယ်လို့လည်း ဆိုပါတယ်။ မော်တော်ယာဉ်နဲ့ ဝင်တိုက်ခဲ့တဲ့ တိုကျိုမြို့တော်က အလုပ်လက်မဲ့ ယူကီ ယာဇာဝါ ကို လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းမှု သံသယနဲ့ အိုဆာကာစီရင်စု ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားတဲ့ နေရာမှာပဲ ဖမ်းဆီးခဲ့ပါသည်။


news-view-count-icon

22