စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်တွင် ၂၀၂၄- ၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးရာသီအ တွင်း နွေစပါး ၂၁၀၅၀ ဧက စိုက်ပျိုးရန် လျာထာဆောင်ရွက်ခဲ့ရာ ယခုအခါ ၂၂၉၂၆ ဧကစိုက်ပျိုးပြီးစီး ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများကလည်း တောင်သူများအား စိုက်ပျိုး ရေးနည်းစနစ်များ၊ မြေဆီလွှာထိန်းသိမ်းရေးနည်းပညာများ ဟောပြောခြင်း၊ ပိုးမွှားရောဂါ ကျရောက် ပျက်စီးမှုမရှိစေရန် အပင်ဖြစ်ထွန်းချိန်အလိုက် ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ နည်းပညာများဟောပြော ခြင်း စသည့် စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲများကိုလည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကာ ရာသီဥတုရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ ၊အရည်အသွေးကောင်းမျိုးများ တိုးချဲ့ စိုက်ပျိုးနိုင်ရန်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။ရာသီဥတုကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ပြောင်းလဲ လာသည့် ရာသီဥတုနှင့်ကိုက်ညီသော စိုက်ပျိုးနည်းစနစ်များကို အသုံးပြုစိုက်ပျိုးလာကြပြီး ယခုနှစ် နွေ စပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများသည် မျိုးများအနေဖြင့် ရွှေဆည်ရင်၊ ရွှေသွယ်ရင် စပါး မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး MR 9 ၊GW 11 စပ်မျိုးစပါးများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။



