ဒီတစ်ခါတော့ Zoe Saldaña ရဲ့ Neytiri ကို Avatar 3 မှာ ပထမဆုံးအကြိမ် မြင်တွေ့ရတာဖြစ်ပြီး ဒီမှာတော့ သူက တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ပုံစံကို တွေ့ရမှာဖြစ်ပါတယ်။ တတိယဇာတ်ကားမှာတော့ Jake နဲ့ Neytiri ရဲ့ မိသားစုကို အဓိကပြသမှာဖြစ်ပြီး “Ash People” လို့ခေါ်တဲ့ မီးအခြေခံ Na’vi မျိုးနွယ်နဲ့ ရင်ဆိုင်ရတဲ့ ပုံစံကို အဓိက ပြသသွားမယ်လို့သိရပါတယ်။ ဒီမျိုးနွယ်ကို Mangkwan Clan လို့လည်းခေါ်ကြပြီး မျိုးနွယ်ကိုတော့ Varang က ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Avatar: The Way of Water က ၃ နာရီ ၁၂ မိနစ်ရှိပေမယ့် Fire and Ash ကတော့ ဒီထက် “နည်းနည်းပိုရှည်မယ်” လို့ ပြောထားပါတယ်။ Avatar: Fire and Ash ကိုတော့ ၂၀၂၅ ဒီဇင်ဘာ ၁၉ မှာ ရုံတင်ပြသသွားမှာဖြစ်ပါသည်။



