ရီးယဲလ်မက်ဒရစ်အသင်း၏ ကိုယ်ပိုင် ရုပ်သံလိုင်းဖြစ်သည့် Real Madrid TV သည် ၎င်းတို့ပွဲကို တာဝန်ယူကိုင်တွယ်မည့် ဒိုင်လူကြီးများအား ဝေဖန်တိုက်ခိုက်မှုပြုလုပ်လျက်ရှိပြီး ဆယ်လ်တာဗီဂိုနှင့်ပွဲတွင် တာဝန်ယူမည့် ဒိုင်လူကြီး ဂီလ်မန်ဇာနိုကိုလည်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။ မန်ဇာနိုသည် ၂၀၂၃-၂၀၂၄ ရာသီပွဲစဉ်အဖြစ် ပြီးခဲ့သည့်နှစ် မတ်လအတွင်းကစားခဲ့သည့် ဗလင်စီယာ (၂-၂) ရီးယဲလ်ပွဲတွင် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အချို့ ချမှတ်ခဲ့သူဖြစ်သည်။ ယင်းပွဲတွင် ရီးယဲလ်အသင်းမှာ နှစ်ဂိုးအရှုံးမှ သရေရလဒ်အထိ လိုက်ကစားနိုင်ခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပို၌ ထောင့်ကန်ဘောရရှိခဲ့သည်။ အဆိုပါထောင့်ကန်ဘောမှာ ခေါင်းတိုက်ရှင်းထုတ်ခံရသော်လည်း ဘရာဟင်ဒီယက်ဇ်ရရှိသွားပြီး ညာခြမ်းမှဖြတ်တင်ဘောပေးပို့မှုကို ဘယ်လင်ဂမ် ခေါင်းတိုက်သွင်းယူရာ ဂိုးဝင်သွားသော်လည်း မန်ဇာနိုက ဖြတ်တင်ဘောမကန်ခင်မှာပင် ပွဲသိမ်းခရာမှုတ်ခဲ့ခြင်းဖြစ်သည်။



