back

တရုတ်မှ အဆင့်မြင့် chip ထုတ်တဲ့ EUV နည်းပညာ ကြိုးပမ်းနေ

May 03 • 2:04 PM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်မှ အဆင့်မြင့် chip ထုတ်တဲ့ EUV နည်းပညာ ကြိုးပမ်းနေ

ASML ရဲ့ သိပ္ပံပညာရှင်အကြီးအကဲဟောင်း တရုတ်ပညာရှင် လင်းနန်က ဦးဆောင်ပြီး တရုတ်ပြည်တွင်းမှာ ကိုယ်ပိုင် EUV စက်ထုတ်နိုင်အောင် ကြိုးပမ်းနေပါတယ်။ လင်းက ၂၀၂၁ မှာ ပြည်တ...

ASML ရဲ့ သိပ္ပံပညာရှင်အကြီးအကဲဟောင်း တရုတ်ပညာရှင် လင်းနန်က ဦးဆောင်ပြီး တရုတ်ပြည်တွင်းမှာ ကိုယ်ပိုင် EUV စက်ထုတ်နိုင်အောင် ကြိုးပမ်းနေပါတယ်။ လင်းက ၂၀၂၁ မှာ ပြည်တော်ပြန်ပြီး အဆင့်မြင့် photolithography နည်းပညာသုတေသနအဖွဲ့တစ်ခု ထောင်ပါတယ်။ ASML မှာ အလုပ်မဝင်ခင်က ၂၀၂၃ ရူပဗေဒနိုဗယ်ဆုရှင် အန်းန် လူလီယာရဲ့ တပည့်ဖြစ်ခဲ့ပြီး IC ထုတ်လုပ်ရေးဘက်ဆိုင်ရာ lithography အတွက် အလင်းအရင်းအမြစ် light source သုတေသနဘက် ၁၀ နှစ်ကျော် အတွေ့အကြုံ ရှိခဲ့ပါတယ်။ သူ့အဖွဲ့မှာ တရုတ်သိပ္ပံအကယ်ဒမီက Shanghai Institute of Optics and Fine Mechanics က ပညာရှင်တွေ ပါပါတယ်။ အခု ဒီပညာရှင်တွေဟာ Photolithography စက်ရဲ့ အဓိကအစိတ်အပိုင်း ဖြစ်တဲ့ လေဆာထုတ် ပလာစမာ EUV အလင်းအရင်းအမြစ်တစ်မျိုး ထုတ်နိုင်ပြီလို့ ပြောထားပါသည်။



news-view-count-icon

16