back

တရုတ်မှ အဝယ်လိုက်သော်လည်း ယခင်နှစ်ထက် ဈေးနည်းနေ၍ ကွမ်းသီးနုစိုက်သူများ တက်ဈေးစောင့်နေ

May 03 • 11:40 AM

breaking-news

မြန်မာ

ရန်ကုန်

cover

တရုတ်မှ အဝယ်လိုက်သော်လည်း ယခင်နှစ်ထက် ဈေးနည်းနေ၍ ကွမ်းသီးနုစိုက်သူများ တက်ဈေးစောင့်နေ

တရုတ်ပြည်မှ အဝယ်လိုက်နေသော်လည်း ယခင်နှစ်ထက် ပေါက်ဈေးနည်းနေပြီး တစ်ရက်နှင့် တစ်ရက် ဖွင့်ဈေး မတူပဲ ဈေးအမျိုးမျိုး အတက်အကျဖြစ်နေခြင်းကြောင့် ကွမ်းသီးနုစိုက်ပျိုး ထ...

တရုတ်ပြည်မှ အဝယ်လိုက်နေသော်လည်း ယခင်နှစ်ထက် ပေါက်ဈေးနည်းနေပြီး တစ်ရက်နှင့် တစ်ရက် ဖွင့်ဈေး မတူပဲ ဈေးအမျိုးမျိုး အတက်အကျဖြစ်နေခြင်းကြောင့် ကွမ်းသီးနုစိုက်ပျိုး ထားသူတစ်ချို့မှာ တက်ဈေးကို စောင့်နေကြသူများပင် ရှိနေကြောင်း ကွမ်းသီးနုများစိုက်ပျိုးထားသူတစ်ဦးက ပြောသည်။ယခုလို ပြည်တွင်း၌ ထွက်ရှိသည့် ကွမ်းသီးနုများကို တရုတ်ပြည်သို့ တင်ပို့ရန်အတွက် စိုက်ပျိုးရေးခြံများ အထိ ဝယ်လက်များမှ ခြံပြတ်လိုက်လံဝယ်ယူလျှက်ရှိခြင်းကြောင့် ပြည်တွင်းကွမ်းသီးခြောက်လက်ကျန်နည်းလာ ခဲ့ပြီး ကွမ်းသီးခြောက်များ ဈေးနှုန်းမြင့်မားလာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ကွမ်းသီးပွဲရုံပိုင်ရှင်တစ်ဦးက ပြော သည်။



news-view-count-icon

16