back

ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်သင်ကြားရေးနှင့် လေ့ကျင့်ရေးစခန်းများဖွင့်လှစ်

May 03 • 11:42 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်သင်ကြားရေးနှင့် လေ့ကျင့်ရေးစခန်းများဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်သင်ကြားရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်သင်ကြားရေးနှင့် လေ့ကျင့်ရေးစခန်းကို အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။ပြန်လည်သင်ကြားရေးကို ဧပြီလ (၂၉) ရက်နေ့ကစတင်ခဲ့ကြောင်း၊ လက်ရှိအချိန်ထိ အထက (ကျွန်းလှ)၌ စခန်းဝင်လေ့ကျင့်သင်ကြား‌နေသည့် ကျောင်းသား (၄၆) ဦး၊ ကျောင်းသူ (၉၆) ဦးနှင့် “ ဟိန်း” ကိုယ်ပိုင်အထက်တန်းကျောင်း၌ စခန်းဝင်လေ့ကျင့်သင်ကြားနေသည့် ကျောင်းသား (၂၄) ဦး၊ ကျောင်းသူ (၄၀) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၀၇) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။



news-view-count-icon

16