back

မြိတ်ပင်လယ်ပြင်တွင် ဆီဘောတစ်စီးမီးလောင်

May 03 • 11:38 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

မြိတ်ပင်လယ်ပြင်တွင် ဆီဘောတစ်စီးမီးလောင်

မြိတ်မြို့နယ်၊ ပထက်တောင်ကျွန်းအနီး ပင်လယ်ပြင်တွင် ယနေ့ မေလ ၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဆီတင်သင်္ဘော(ဆီဘော) တစ်စီးမီးလောင်ခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ပရ...

မြိတ်မြို့နယ်၊ ပထက်တောင်ကျွန်းအနီး ပင်လယ်ပြင်တွင် ယနေ့ မေလ ၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဆီတင်သင်္ဘော(ဆီဘော) တစ်စီးမီးလောင်ခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ပရဟိတအသင်းများနှင့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ထံမှသိရသည် ။မီးလောင်မှု အတွင်း လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်းသွားရောက်ကူညီခဲ့သည့် မြို့ခံ ပရဟိတ အသင်းများကဆိုသည် ။" လူထိခိုက်ဒဏ်ရာတာမျိုးတော့မရှိဘူး ။ ကျွန်တော်တို့ရောက်တော့ မီးကတော်တော်လောင်နေပြီ ။ မီးသတ်တွေ ငြိမ်းနေတာ ဝိုင်းဝန်းကူညီပေးပြီး လူထိခိုက်မှုမရှိဘူးဆိုတော့ မီးစွယ်ကျိုးတာနဲ့ ပြန်လာလိုက်တယ်။ မီးသတ်တွေကတော့ ရှင်းလင်းရေးဆက်လုပ်နေတယ် " ဟု သွားရောက်ကူညီခဲ့သည့် မြို့ခံပရဟိတ အသင်းဝင်တစ်ဦး ကပြောသည်။




news-view-count-icon

13