ရခိုင်ယူနိုက်တက်အသင်း(RUFC)ရဲ့ ဘရာဇီးလ်နည်းပြချုပ် မစ္စတာရီကာဒိုဒါရိုချာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လက်မခံတဲ့အတွက် အသင်းရဲ့အရေးကြီးကာလ ရောက်ရှိလာချိန်မှာ အဲဒီဘရာဇီးလ်နည်းပြချုပ် မစ္စတာရီကာဒိုနဲ့ တရားဝင် လမ်းခွဲလိုက်ရတယ်လို့ ရခိုင်ယူနိုက်အသင်းက ထုတ်ပြန်ပါတယ်။အသက် ၅၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်လူမျိုး နည်းပြ မစ္စတာရီကာဒိုဒါရိုချာကို RUFC က တစ်နှစ် စာချုပ်နဲ့ အသင်းနည်းပြချုပ်အဖြစ်ခေါ်ယူပြီး ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်ကနေစတင်ပြီးတော့ လေ့ကျင့်ပြင်ဆင်ခဲ့တာပါ။၂၀၂၅ မြန်မာနေရှင်နယ်လိဂ်ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိနိုင်ဖို့နဲ့ ၂၀၂၅-၂၆ ရာသီ အခြား ပြိုင်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ သူ့ကို နည်းပြချုပ်အဖြစ်ခန့်အပ်ခဲ့တာဖြစ်တယ်လို့ RUFC က ဆိုပါတယ်။



