၃.၅.၂၀၂၅ စနေနေ့က အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၌ အပတ်စဉ်ကျင်းပပြုလုပ်ပေးနေသည့် ကလေးစာကြည့်တိုက်ပုံပြောအစီအစဉ်တွင် ကလေးစာကြည့်တိုက်မှူးက "ဉာဏ်ကောင်းတဲ့ကြက်တူရွေးလေး 'အိုကီ' " ပုံပြင်ပြောကြားခဲ့၍ ကလေးများစိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြပြီး ပုံပြင်ထဲတွင်ပါဝင်သည့်အကြောင်းအရာများနှင့်ပတ်သက်၍ ကလေးများ၏ စိတ်ဝင်စားမှုအလိုက်မေးမြန်းဖြေကြားခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။



