back

အစ္စရေးက အကူအညီတွေဝင်ရောက်မှု ပိတ်ပင်ထားလို့ ဂါဇာမှာ အငတ်ဘေးဆိုက်လုနီးပါး ဖြစ်နေ

May 03 • 10:25 AM

breaking-news

မြန်မာ

ပြည်ပ

cover

အစ္စရေးက အကူအညီတွေဝင်ရောက်မှု ပိတ်ပင်ထားလို့ ဂါဇာမှာ အငတ်ဘေးဆိုက်လုနီးပါး ဖြစ်နေ

ဂါဇာကမ်းမြှောင်ဒေသအတွက် အရေးကြီးထောက်ပံ့ကူညီရေးပစ္စည်းတွေကို အစ္စရေးရဲ့ ပိတ်ဆို့ထားမှုဟာ နှစ်လကြာမြင့်လာပြီဖြစ်ပြီး ဂါဇာဒေသခံတွေ အစုလိုက်အပြုံလိုက် အငတ်ဘေးဆိုက်...

ဂါဇာကမ်းမြှောင်ဒေသအတွက် အရေးကြီးထောက်ပံ့ကူညီရေးပစ္စည်းတွေကို အစ္စရေးရဲ့ ပိတ်ဆို့ထားမှုဟာ နှစ်လကြာမြင့်လာပြီဖြစ်ပြီး ဂါဇာဒေသခံတွေ အစုလိုက်အပြုံလိုက် အငတ်ဘေးဆိုက်နို်ငကြောင်း ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအဖွဲ့တွေက သတိပေးလိုက်ပါတယ်။ရည်ရွယ်ချက်ရှိရှိ ငတ်မွတ်အောင်လုပ်တာဟာ စစ်ရာဇဝတ်မှုဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည် အကူအညီပေးရေး အေဂျင်စီက ဝေဖန်ထားပြီး အစ္စရေးအပေါ် နိုင်ငံတကာ ဖိအားတွေလည်း တိုးပွားနေပါတယ်။ထောင်ပေါင်းများစွာသော ပါလက်စတိုင်းတွေဟာ အစားအသောက်အတွက် အကူအညီပေးရေးအဖွဲ့တွေရဲ့ မီးဖိုချောင်တွေကို အားထားနေရပြီး ခန်းယွန်နစ်ရှိ အရီနာမှာလည်ပတ်နေတဲ့အဖွဲ့ကတော့ တနေ့ကို လူ ၆၀၀၀ အတွက် ချက်ပြုတ်ကျွေးမွေးနေပါတယ်။ဒါပေမယ့် အစ္စရေးရဲ့ ပိတ်ဆို့မှုတွေ မရုပ်သိမ်းရင်တော့ ဂါဇာမှာ သိုလှောင်ထားတဲ့ စားနပ်ရိက္ခတွေဟာ ကုန်လုဆဲဆဲဖြစ်နေပါတယ်။

news-view-count-icon

12