အီရန်ရေနံ ဒါမှမဟုတ် ရေနံဓါတုပစ္စည်းတွေကို ဆက်လက်ဝယ်ယူနေတဲ့နိုင်ငံတွေဟာ ဒုတိယအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်ကြားဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင် နေချိန်မှာပဲ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်က “အီရန်နဲ့ ရေနံကုန်သွယ်မှုတွေလုပ်ဆောင်နေတဲ့ ဘယ်နိုင်ငံကိုမဆို အမေရိကန်နိုင်ငံနဲ့ စီးပွားရေးလုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ အီရန်ရေနံ ဒါမှမဟုတ် ရေနံဓါတုပစ္စည်းတွေ ဝယ်ယူမှုတွေအားလုံးကို ချက်ချင်းရပ်တန့်ရပါမယ်” လို့ ပြောခဲ့ပါတယ်။အီရန်ရေနံနဲ့ ရေနံဓါတုပစ္စည်းတွေ တရားမဝင်ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီ(၇)ခုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ အဲဒီထုတ်ပြန် ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ 
May 03 • 10:25 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


