back

အရက်က ပမာဏနည်းသော်ငြားဦးနှောက်ကို အသံတိတ်ဒုက္ခပေးနေကြောင်းလေ့လာတွေ့ရှိ

May 03 • 10:26 AM

breaking-news

မြန်မာ

ပြည်ပ

cover

အရက်က ပမာဏနည်းသော်ငြားဦးနှောက်ကို အသံတိတ်ဒုက္ခပေးနေကြောင်းလေ့လာတွေ့ရှိ

တစ်ပတ်ကို အရက် ၈ ခွက်လောက်သောက်ရင်ပဲ ဦးနှောက်ကို စွဲမြဲထိခိုက်စေနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။ ဒီထိခိုက်မှုကနေ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ ဦးနှောက်...

တစ်ပတ်ကို အရက် ၈ ခွက်လောက်သောက်ရင်ပဲ ဦးနှောက်ကို စွဲမြဲထိခိုက်စေနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။ ဒီထိခိုက်မှုကနေ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ ဦးနှောက်အသိဉာဏ်ကျဆင်းခြင်း၊ အယ်လ်ဇိုင်းမားရောဂါတို့ ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။ Neurologyဂျာနယ်မှာ‌ ဖော်ပြချက်အရ တစ်ပတ်ကို အရက် ၈ ခွက်နဲ့အထက် သောက်သုံးသူတွေဟာ ဦးနှောက်ဒဏ်ရာရခြင်းနဲ့ အာရုံကြောဆုတ်ယုတ်ပြောင်းလဲမှုများ ပိုမိုဖြစ်နိုင်ခြေများကာ ဒီလက္ခဏာတွေဟာ ဒီမန်ရှာရောဂါနဲ့ အတော်လေးဆက်စပ်နေပါတယ်။ဦးနှောက်ထိခိုက်မှုလက္ခဏာများ ရှာဖွေစစ်ဆေးဖို့အတွက် သေဆုံးပြီးသားလူ ၁,၇၀၀ ကျော်ရဲ့ ဦးနှောက်တစ်ရှူးတွေကို သုတေသီများ လေ့လာခဲ့ကြပါတယ်။

news-view-count-icon

24