back

ဒေလီတွင် လေပြင်းတိုက်၍လူလေးဦး သေဆုံးပြီးလေယာဉ်ခရီးစဉ် ၂၀၀ ခန့် နှောင့်နှေး

May 03 • 10:05 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဒေလီတွင် လေပြင်းတိုက်၍လူလေးဦး သေဆုံးပြီးလေယာဉ်ခရီးစဉ် ၂၀၀ ခန့် နှောင့်နှေး

အိန္ဒိယနိုင်ငံ ဒေလီနှင့် မြို့တော်ဒေသတို့တွင် ယမန်နေ့(မေလ ၂ရက်နေ့) နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှု၊ ဖုန့်မှုန့်မုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြေ...

အိန္ဒိယနိုင်ငံ ဒေလီနှင့် မြို့တော်ဒေသတို့တွင် ယမန်နေ့(မေလ ၂ရက်နေ့) နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှု၊ ဖုန့်မှုန့်မုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လေကြောင်းခရီးစဉ် ၂၀၀ ခန့် နှောင့်နှေးခဲ့ရသည်။ ဒေလီမြို့တော်၏ ဒွါကာ အရပ်တွင် လေပြင်းကြောင့် နေအိမ်ခန်းပေါ် သစ်ပင်ပြိုကျ၍ အမျိုးသမီးတစ်ဦးနှင့် သူ၏ သားသမီးသုံးဦး ‌‌ေသဆုံးခဲ့သည်။ ဒေလီမြို့ အင်ဒီရာဂန္ဒီနိုင်ငံတကာ လေဆိပ်သို့ ပျံသန်းနေသည့် လေယာဉ်သုံးစင်းသည် အာမက်ဒါဘတ်နှင့် ဂျိုင်ပူရ်သို့ လမ်းကြောင်းပြောင်းခဲ့ရသည်။ တဖန် ဘန်ဂလို-ဒေလီ ခရီးစဉ်နှင့် ပူနေး-ဒေလီ ခရီးစဉ် ပျံသန်းသော လေယာဉ်များသည်လည်း ဂျိုင်ပူရ်သို့ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရသည်။ ဒေလီလေဆိပ်၏ ပျှမ်းမျှ လေယာဉ်ခရီးစဉ် ကြန့်ကြာမှုသည် ဆိုက်ရောက်ခရီးစဉ်များအတွက် ၂၁ မိနစ်နှင့် ထွက်ခွာခရီးစဉ်များအတွက် ၆၁ မိနစ် ရှိခဲ့သည်ဟု FlightRadar က ဖော်ပြခဲ့သည်။

news-view-count-icon

15