အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဟောင်း ဂျကာတာမြောက်ပိုင်းရှိ အကြီးဆုံး လက်ကားဈေးတစ်ခုဖြစ်သည့် ITC Mangga Dua တွင် Rolex, Cartier, Chanel, Louis Vuitton, Hermes, Dior, Manolo Blahnik, Jimmy Choo, Balenciaga, Goyard, Ferragamo အစရှိသည့် ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ်များ၏ ပစ္စည်းအတုအပများ အစုံအလင် ရနိုင်သည်။သရက်သီး ၂ လုံးဟု အဓိပ္ပာယ်ရသော Mangga Dua တွင် တချိန်က သရက်ခြံများ ရှိခဲ့ဖူးသည်။ ယခုအခါ ITC Mangga Dua အပါအဝင် အတုအပများ ရောင်းသည့် ဆိုင်များ အစီအရီ ရှိနေသည့် ဈေးဝယ်စင်တာများ ရှိသည်။ ဈေးအမြင့်ဆုံး အသုံးအဆောင်ပစ္စည်းများ၏ အတုအပများကို ဈေးသက်သက်သာသာဖြင့် ရောင်းချနေခဲ့ကြသည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်သည်။အချို့ဆိုင်များက မူရင်း အမှတ်တံဆိပ် ပစွည်းအစစ်အမှန်များကို တင်သွင်းသည်ဟု ဖော်ပြထားသော်လည်း ဆိုင်အများစုက အတုကို အတုဟုသာ ပြောပြီး ရောင်းချကြသည်။ 
အင်ဒိုနီးရှားနိုင်ငံရှိITC Mangga Dua တွင် နာမည်ကြီး အမှတ်တံဆိပ်များ၏ ပစ္စည်းအတုအပများ အစုံအလင် ရနိုင်
May 03 • 10:04 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


