ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်က လာမည့်နွေရာသီတွင် အသင်းတိုက်စစ်ကစားသမား အမ်ဘူမိုအား ထိုက်တန်သည့်စျေးရပါက ရောင်းထုတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် (၂၅)နှစ်အရွယ်ရှိ ကင်မရွန်းလက်ရွေးစင်တိုက်စစ်ကစားသမား အမ်ဘူမိုသည် ယခုရာသီတွင် ဘရန့်ဖို့ဒ်အသင်းအတွက် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် (၃၄) ပွဲတွင် (၁၈) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ထားသည်။ ထို့ကြောင့် ၎င်းအား ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သည့် လီဗာပူးလ်၊ အာဆင်နယ်၊ စပါးအသင်းတို့အပါအဝင် ဥရောပကလပ်အသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရသည်။ 
တိုက်စစ်ကစားသမား အမ်ဘူမိုအား ထိုက်တန်သည့်စျေးရပါက ရောင်းထုတ်မည်ဟု ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့် ပြောကြား
May 03 • 9:56 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


