ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်အလစ်သုတ်ခိုးယူမှုများ ပေါ်ပေါ်တင်တင် ကျူးလွန်လာကြောင်း ဒေသခံများထံမှ သိရပါတယ်။မေလ၂ရက် ည၇နာရီခန့်တွင် ကျိုင်းတုံမြို့၊ ကျိုင်းလန်းရပ်ကွက်ရှိ ဝင်းတည်းခိုခန်း ၂ရှေ့၌ ငွေလာလွှဲသူ၏ ဆိုင်ကယ်ကို လာရောက်ခိုးယူခဲ့ပြီး လိုက်လံဖမ်းဆီးရာတွင် ဆိုင်ကယ်ထားပြီးထွက်ပြေးသွားသည့်အတွက် ဆိုင်ကယ်ပြန်လည်ရရှိခဲ့ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။မေလ ၂ရက် နံနက်ပိုင်းကလည်း ယင်းဝင်းတည်းခိုခန်း ၂ အနီးတွင် ပြုံးချိုဆေးဆိုင်ရှေ့တွင် ဆိုင်ကယ်တစ်စီးခိုးယူခံရကြောင်း၊ ဆိုင်ကယ်ခိုးယူသူမှာ နံနက်ပိုင်းက လာရောက်ခိုးယူသူပင်ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရပါတယ်။သူခိုးများမှာ ဆိုင်ကယ်ခိုးယူရန် အဖွဲ့လိုက် လှည့်ပတ်သွားလာနေသည်ဖြစ်၍ အများပြည်သူ မပေါ့ဆဘဲ အထူးသတိထားကြရန် အချင်းချင်း သတိပေးနေရပါတယ်။



