ယခု မေလ(၉)ရက်နေ့တွင် ပြုလုပ်မည့် ONE Friday Fights-107ပွဲစဉ်၌ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က သူမ၏ ONE ဒုတိယပွဲစဉ်အတွင်း လက်ခမောင်းခတ်သံ ကျယ်စေရမည်ဟု ကြုံးဝါးထားပြီး ထိုင်းဖိုက်တာ ဂျူနီယာဖဲတက်နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်သလိုသူမ၏ ပြိုင်ဘက်ဖြစ်သူ ထိုင်းဖိုက်တာဂျူနီယာဖဲတက်မှာ အသက်(၁၉)နှစ်အရွယ်သာရှိသေးပြီး၊ ထိုးပွဲ (၇)ပွဲအနက် ရှုံးပွဲမရှိစံချိန်တင်ထားသူ မာဂုဏ်မြင့်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ဘရော်နီကာသည် ONE ၌ ပထမအဖွင့်ပွဲစဉ်အတွင်း ချီလီဖိုက်တာ ဖရန်စစ္စကာဗီရာကို အမှတ်ဖြင့်ရှုံးနိမ့်ထားပါတယ်။



