တရုတ်အာကာသစခန်း၏ အဋ္ဌမအသုတ်မြောက် သိပ္ပံစမ်းသပ်ပစ္စည်း နမူနာများကို ဧပြီ ၃၀ ရက်တွင် ရှန်ကျိုး-၁၉ လူတင်အာကာသယာဉ်၏ ကမ္ဘာမြေသို့အပြန်ယာဉ် (return capsule) နှင့် ကမ္ဘာမြေကြီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း တရုတ်သိပ္ပံအကယ်ဒမီ အာကာသ လက်တွေ့အသုံးချမှု အင်ဂျင်နီယာနှင့် နည်းပညာစင်တာမှ မေ ၁ ရက်တွင် သိခဲ့ရသည်။ယခုအကြိမ် ပြန်လည်သယ်ဆောင်လာသည့် သိပ္ပံစမ်းသပ်ပစ္စည်းနမူနာများတွင် အာကာသ သက်ရှိသိပ္ပံ၊ အာကာသ ဒြပ်ပစ္စည်းသိပ္ပံ စသည့် ကဏ္ဍမှ လက်တွေ့စမ်းသပ်ချက် ၂၅ ခုနှင့်စပ်လျဉ်းပြီး စုစုပေါင်း အလေးချိန်ပမာဏမှာ ၃၇.၂၅ ကီလိုဂရမ်ဝန်းကျင် ပါဝင်သည်။ ၎င်းအနက် ဇီဝအမျိုးအစား သိပ္ပံစမ်းသပ်ပစ္စည်းနမူနာများကို ပေကျင်းမြို့သို့ ပို့ဆောင်ရောက်ရှိခဲ့ပြီး သိပ္ပံပညာရှင်များထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။ 
တရုတ်အာကာသစခန်း၏ အဋ္ဌမအသုတ်မြောက် သိပ္ပံစမ်းသပ်ပစ္စည်း နမူနာများ အဆင်ပြေချောမွေ့စွာ ပြန်လည်သယ်ဆောင်လာ
May 03 • 10:00 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


