back

ရွာငံမြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် ဘိန်းစိမ်းများ နဲ့အတူ တရားခံများဖမ်းဆီးရမိ

May 03 • 7:38 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရွာငံမြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် ဘိန်းစိမ်းများ နဲ့အတူ တရားခံများဖမ်းဆီးရမိ

မေလ ၁ ရက်နေ့ ၁၀နာရီ၃၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရွာငံမြို့နယ်၊ မ...

မေလ ၁ ရက်နေ့ ၁၀နာရီ၃၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် မသီတာမွှေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဘိန်းစိမ်း အလေးချိန် ၁၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၅နာရီ၀၀ အချိန် မောင်ပု(ခ)မောင်ညွန့် အား ၎င်းနေထိုင်သည့် အမရပူရမြို့နယ်၊ ဉယျာဉ်တောင်ရပ်ကွက်ရှိ နေအိမ်တွင် ဘိန်းစိမ်း အလေးချိန် ၂၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၃ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မသီတာမွှေး(၃၄)နှစ် နှင့် မောင်ပု(ခ)မောင်ညွန့်(၅၉)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။



news-view-count-icon

29