back

ပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာနမှပို့ကုန်လိုင်စင် တွေ ပြန်လည် လျှောက်ထားရမည်ဟုဆို

May 03 • 8:25 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာနမှပို့ကုန်လိုင်စင် တွေ ပြန်လည် လျှောက်ထားရမည်ဟုဆို

ပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာန ရဲ့ သတင်း လွှာ အမှတ် ( ၃/ ၂၀၂၅ ) အရ ပို့ကုန်လုပ်ငန်းတွေအားလုံး ပုံမှန်အတိုင်း Automatic Licensing နဲ့Non-Automatic Licensing စနစ်...

ပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာန ရဲ့ သတင်း လွှာ အမှတ် ( ၃/ ၂၀၂၅ ) အရ ပို့ကုန်လုပ်ငန်းတွေအားလုံး ပုံမှန်အတိုင်း Automatic Licensing နဲ့Non-Automatic Licensing စနစ်တို့နဲ့ လျှောက်ထားရယူပြီး ဆောင်ရွက်ရ မှာ ဖြစ်ပါတယ်။မတ် လ၂၈ ရက်က ဖြစ်ပေါ်ခဲ့တဲ့ ငလျင်ကြောင့် ပြီးခဲ့ တဲ့ ဧပြီ တစ်လလုံး ပို့ကုန်လိုင်စင် မလိုပဲ ခွင့်ပြုခဲ့ရာကနေ အခုအခါ ပို့ကုန်လိုင်စင်တွေ ပြန်လည် လျှောက်ထားရမှာဖြစ်ပြီးအခုလို ပြန်လည် လုပ်ဆောင်ဖို့ နဲ့ ပတ်သက်ပြီး မေ ၂ ရက်က အကောက်ခွန်ဦးစီးဌာန က အသိပေးထုတ်ပြန် လာတာဖြစ်ပါတယ်။ ပို့ကုန်လုပ်ငန်းတွေအားလုံး ပုံမှန် အတိုင်း Automatic Licensing နဲ့ Non-Automatic Licensing စနစ် တွေ နဲ့ လျှောက်ထားရယူ ပြီးမှသာ ဆောင်ရွက်ရမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနကဆိုပါတယ်။အရင်ကပို့ကုန်လိုင်စင်တွေကို Myanmar Tradenet 2.0 နဲ့ ခွင့်ပြု နေတာ ကနေ ၂၀၂၅ ခုနှစ် ၊ မတ် ၂၈ ရက် မှာဖြစ်ပွားခဲ့တဲ့ ငလျင် ဒဏ် ကြောင့် Internet ချိတ်ဆက်မှုစနစ် ၊ကောင်းမွန်တာ မရှိသေး တဲ့ ကာလအတွင်း ပို့ကုန်လုပ်ငန်း တွေ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင် ဖို့အတွက် ၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက် ကနေ ၃၀ ရက် အထိ ပို့ကုန်လိုင်စင်လျှောက်ထားဖို့ မလိုဘဲ အကောက်ခွန်လုပ် ထုံးလုပ်နည်းနဲ့ အညီထုတ်ကုန်ကြေညာလွှာ နဲ့ တိုက်ရိုက်ဆောင်ရွက်ခွင့်ပြုထားခဲ့တာဖြစ်ပါတယ်။



news-view-count-icon

24