back

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်တွင် စိတ်ပြောင်းဆေးဝါးများနဲ့အတူ တရားခံပါဖမ်းဆီးရမိ

May 03 • 7:36 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်တွင် စိတ်ပြောင်းဆေးဝါးများနဲ့အတူ တရားခံပါဖမ်းဆီးရမိ

မေလ ၂ ရက်နေ့ ၀၈နာရီ၃၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ...

မေလ ၂ ရက်နေ့ ၀၈နာရီ၃၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအနီးတွင် လော်စီခမ်း(ခ)ကျရှီးပါး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀)၊ Happy Water အလေးချိန် ၀.၆ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၆၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် လော်စီခမ်း(ခ)ကျရှီးပါး(၃၆)နှစ်အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပါတယ်။



news-view-count-icon

29