အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်ဟာ မက်ဒရစ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ အကောင်းဆုံး လက်စွမ်းနဲ့အတူ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကိုကိုဂတ်ဖ်ဟာ ဆီမီးဖိုင်နယ် မှာ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ကမ္ဘာ့အဆင့်-၂ ဆွီယာတက်ခ်ကို အနိုင်ရဖို့အတွက် ကိုကိုဂတ်ဖ်က ပွဲကစားချိန်(၆၄)မိနစ်သာ အချိန်ယူ ခဲ့ရတာပါ။ ဗိုလ်လုပွဲမှာတော့ ကိုကိုဂတ်ဖ်ဟာ ကမ္ဘာ့အဆင့်-၁ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာနဲ့ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကိုကိုဂတ်ဖ်ကတော့ သူမရဲ့ ကစားသမားဘဝ ပထမဆုံးမြေစေးကွင်းပြိုင်ပွဲ ချန်ပီယံဆု ကို ရယူနိုင်ဖို့ မျှော်လင့်ချက် ရှိနေတာလည်း ဖြစ်ပါတယ်။



