back

ဖိအားခံစားရခြင်းမရှိဟု နောရစ် ပြော

May 02 • 5:13 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဖိအားခံစားရခြင်းမရှိဟု နောရစ် ပြော

ဖော်မြူလာဝမ်း ချန်ပီယံဆုအတွက် မက္ကလာရင်အသင်းဖော် ပီယက်စ်ထရီနဲ့ ယှဉ်ပြိုင်နေရတဲ့အပေါ် ဖိအား ခံစားရတာမျိုး မရှိဘူးလို့ ဗြိတိန်ဒရိုင်ဗာ နောရစ်က ပြောကြားလိုက်ပါတယ်။...

ဖော်မြူလာဝမ်း ချန်ပီယံဆုအတွက် မက္ကလာရင်အသင်းဖော် ပီယက်စ်ထရီနဲ့ ယှဉ်ပြိုင်နေရတဲ့အပေါ် ဖိအား ခံစားရတာမျိုး မရှိဘူးလို့ ဗြိတိန်ဒရိုင်ဗာ နောရစ်က ပြောကြားလိုက်ပါတယ်။ ပီယက်စ်ထရီဟာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ဂရင်းပရီပွဲစဉ် ၂ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီးနောက် ချန်ပီယံအမှတ်ပေးဇယားမှာ နောရစ်ကို ကျော်တက်ပြီး ဦးဆောင်သူနေရာကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ပတ်ယှဉ်ပြိုင်မယ့် မိုင်ယာမီ ဂရင်းပရီမှာ ပီယက်စ်ထရီက နောရစ်ကို ၁၀ မှတ်အသာ အနေ အထားကနေ ယှဉ်ပြိုင်ရမှာဖြစ်ပါသည်။



news-view-count-icon

37