အင်ဒိုနီးရှားမှာ ပထမဆုံးအာဆီယံရဲ့ အမြန်ရထားအား ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ပြေးဆွဲနိုင်ခဲ့ပါတယ်။ ၁၄၂ ကီလိုမီတာအရှည်အဆိုပါရထားလမ်းဟာ မူလလျာထားတဲ့ ဒေါ်လာသန်း ၆,၀၀၀ နဲ့ မလောက်ခဲ့ဘဲ နောက်ဆုံးမှာ ဒေါ်လာသန်း ၇,၃၀၀ အထိ သုံးခဲ့ရပါတယ်။ အရင်က ၃ နာရီကြာခရီးကို တရုတ်အမြန်ရထားကြောင့် နာရီဝက်နဲ့ ရောက်နိုင်ကြပါပြီ။ အာဆီယံဒေသတွင်း အမြန်ရထား ရရှိမယ့်တိုင်းပြည်ဟာ ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ ပထမအဆင့်ကို တည်ဆောက်နေပြီး ဒုတိယအဆင့်ကို အစိုးရက ဘတ်ဂျက်ခွင့်ပြုပေးလိုက်ပါပြီ။ ၂၀၃၀ မှာ အဆိုပါအမြန်ရထားဖွင့်တဲ့အခါ ဘန်ကောက်ကနေ ကူမင်းအထိ လာအိုကိုဖြတ်ကာ ရထားနဲ့ ခရီးသွားလာနိုင်ကြပါတော့မည်။ အင်ဒို၊ ထိုင်းနဲ့ လာအိုက အမြန်ရထားလမ်းတွေဟာ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ BRI စီမံကိန်းကြီးရဲ့ အစိတ်အပိုင်းတွေလို ဆိုပါတယ်။ ဗီယက်နမ်ကလည်း ဒီနှစ်နိုဝင်ဘာလထဲမှာ အမြန်ရထားလမ်းဆောက်မယ့် ကန်ထရိုက်ကို ရွေးချယ်ပေးမည်ဖြစ်ကြောင်း သိရသည်။



