back

ဆူနာမီ တိုက်ခတ်ချိန်မှာ အသက်ကို စတေးပြီး လူထောင်ပေါင်းများစွာကို ကယ်တင်ပေးခဲ့တဲ့ ဂျပန်အမျိုးသမီး

May 02 • 3:56 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဆူနာမီ တိုက်ခတ်ချိန်မှာ အသက်ကို စတေးပြီး လူထောင်ပေါင်းများစွာကို ကယ်တင်ပေးခဲ့တဲ့ ဂျပန်အမျိုးသမီး

၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံကို ဆူနာမီလှိင်းတွေ တိုက်ခတ်တော့မယ့်အချိန်မှာ မြူနီစီပယ်ဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးက သူ့အသက်ကို စတေးပြီး လူသောင်းချီရဲ့ အသက်ကို ကယ်တင်ပေ...

၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံကို ဆူနာမီလှိင်းတွေ တိုက်ခတ်တော့မယ့်အချိန်မှာ မြူနီစီပယ်ဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးက သူ့အသက်ကို စတေးပြီး လူသောင်းချီရဲ့ အသက်ကို ကယ်တင်ပေးသွားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဆူနာမီလှိင်းလုံးကြီးတွေ တလိမ့်လိမ့်တက်လာချိန်မှာ မီကိုင်အန်ဒိုက ကပ်ဘေးစီမံခန့်ခွဲမှုဌာန တည်ရှိရာ ၃ ထပ်အဆောက်အအုံကနေ သတိပေးချက်တွေ ထုတ်လွှင့်နေတာပါ။ မီကိုင်အန်ဒိုဟာ ဆူနာမီလှိင်းတွေ ဝင်ရောက်တိုက်ခတ်တော့မယ်ဆိုတာ သိနေပါလျက် မြို့အတွင်းရှိနေထိုင်သူများ ဘေးလွတ်ရာ ကုန်းမြင့်နေရာတွေကို ရွှေ့ပြောင်းကြဖို့ရာ သတိပေးချက်တွေ ကြေညာခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ လှိုင်းလုံးကြီးတွေက မီကိုင်အန်ဒို ရှိနေတဲ့ အဆောက်အအုံကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး သူ့ရဲ့ရုပ်အလောင်းကိုတော့ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၃ ရက်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။



news-view-count-icon

44