အိန္ဒိယနိုင်ငံမှ အသက် ၁၄ နှစ်အရွယ် ကလေးငယ် နန်ဒြာလာဟာ နှလုံးရောဂါ ရှိ၊ မရှိ ၇ စက္ကန့်အတွင်း ရှာဖွေဖော်ထုတ်နိုင်မယ့် ဉာဏ်ရည်တုနည်းပညာသုံး CircadiaV app ကို ဖန်တီးနိုင်ခဲ့ပါတယ်။ တိုတောင်းလွန်းတဲ့ အချိန်အတွင်း နှလုံးရောဂါ ရှိ၊ မရှိ စစ်ဆေးဖော်ထုတ်နိုင်တဲ့ CircadiaV app ရဲ့ စွမ်းဆောင်ရည်အရ ဉာဏ်ရည်တုနည်းပညာနဲ့ ကျန်းမာရေးစနစ်အပေါ် နန်ဒြာလာ နှံနှံစပ်စပ် သိရှိမှုကို ဖော်ပြရာ ရောက်ပါတယ်။နန်ဒြာလာရဲ့ ဖန်တီးမှုဟာ ဆရာဝန်တွေအတွက် အတားအဆီးဖြစ်နေတဲ့ နေရာတွေမှာ နှလုံးကျန်းမာရေးအခြေအနေကို စစ်ဆေးနိုင်မယ့် အပြောင်းအလဲတစ်ရပ် ဖြစ်လာနိင်ဖွယ် ရှိနေပါတယ်။ နန်ဒြာလာဟာ လူငယ်တွေကို ကုဒ်ရေးသားမှု၊ စက်ရုပ်တည်ဆောက်မှု၊ ဉာဏ်ရည်တုနည်းပညာ သင်ကြားပေးတဲ့ STEM IT ရဲ့ လှုပ်ရှားမှုတွေကိုလည်း ပါဝင်ပံ့ပိုးပေးနေသူ ဖြစ်ပါတယ်။



