အိန္ဒိယနယ်စပ်ကျေးရွာများတွင် စစ်ဘေးခိုလှုနေသည့် အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အို အဖိုးအဖွား ၄၉ တို့ကို တတ်နိုင်သလောက် ငွေကြေးဖြင့် ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး အသက် ၁၀၀ ဝန်းကျင်အဖိုးအဖွားများလည်း ပါဝင်ကြောင်း သိရသည်။စစ်ရှောင်အဖိုးအဘွားများသည် တမူးမြို့နယ် ကွန်းတောင်းရွာသစ်၊ ကျွန်းပင်သာ၊ ချောင်းနက်ကြီး၊ တမူး၊ စိုးသာယာ၊ အောင်ဇေယျ၊ သနန်၊ မြို့သစ်နှင့် ဗန္ဒူလ စသည့် ကျေးရွာ ၉ ရွာမှ စစ်ရှောင်အဖိုးအဖွားများ ဖြစ်ကြပြီး ဆက်လက်၍လည်း ကူညီထောက်ပံ့မှုပေးနိုင်ရန် ကြိုးစားနေကြောင်း Fejpmyanmar အဖွဲ့က ဆိုသည်။



