back

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၉,၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၉ သိန်းနှင့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂ ဒသမ ၇၂၅ တန် ဖမ်းဆီးရမိ

May 02 • 3:32 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၉,၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၉ သိန်းနှင့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂ ဒသမ ၇၂၅ တန် ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့...

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် မိုင်းပျဉ်းမှ ကာလိဘက်သို့ ကျော်စွာမြင့်(ခ)လင်းအောင် မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီးမော်တော်ယာဉ်နှင့် စိုင်းပညာ မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီးမော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉,၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၉ သိန်း၊ ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂ ဒသမ ၇၂၅ တန်နှင့် အနံ့ဆေးရည် ၆၀၀ လီတာ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ကျိုင်းတုံမြို့နယ်မှ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြထားကြောင်း သိရပါသည်။



news-view-count-icon

67