ထိုင်းနှင့်မလေးရှားတို့သည် ဘန်ကောက်နှင့် ဘတ်တာဝေါ့သ်ကြား ရထားလိုင်းကို လာမည့်သုံးလအတွင်း ပြန်လည်အသက်သွင်းမည်ဖြစ်သည်။ ထိုင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး Suriya Jungrungruangkit က ၎င်းရထားလိုင်းကို လာမည့် ဇူလိုင်လထက် နောက်မကျဘဲ စတင်မည်ဖြစ်ကြောင်း သောကြာနေ့ (မေ ၂)တွင် ပြောကြားသည်။ ဘာတာဝေါ့သ်သည် ပီနန်ကျွန်း မြို့တော် ဂျော့တောင်း တဖက်ကမ်းတွင် တည်ရှိသဖြင့် ဘန်ကောက်မှ ပီနန်ကျွန်းသို့ သွားရောက်ရန် လွယ်ကူသွားစေမည် ဖြစ်သည်။



