ဂျိုကိုဗစ် (၃၇ နှစ်)သည် မွန်တီကာလိုမာစတာနှင့် မက်ဒရစ်အိုးပင်းပြိုင်ပွဲ နှစ်ပွဲဆက်တိုက် ပထမဆုံးယှဉ်ပြိုင်ရသည့် ဒုတိယအဆင့်မှ ထွက်ခဲ့ရပြီးနောက် ရောမမာစတာဖြစ်သည့် အီတလီအိုးပင်းပြိုင်ပွဲမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ဂျိုကိုဗစ်အနေဖြင့် အီတလီအိုးပင်းပြိုင်ပွဲတွင် ၂၀၀၇ ခုနှစ် ကတည်းက နှစ်စဉ်ယှဉ် ပြိုင်ခဲ့သော်လည်း ယခုနှစ်ပြိုင်ပွဲမှ နုတ်ထွက်သည့်အကြောင်းရင်းကို ပြောကြားခြင်းမရှိကြောင်း ပြိုင်ပွဲတာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။



