back

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် သခွားသီးကားထဲ ပုန်းအောင်လိုက်ပါလာသည့် မြန်မာ ၄ ဦး ဖမ်းမိ

May 02 • 2:20 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် သခွားသီးကားထဲ ပုန်းအောင်လိုက်ပါလာသည့် မြန်မာ ၄ ဦး ဖမ်းမိ

မေ ၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲခန့်က မြ၀တီနယ်စပ် တစ်ဖက်ခြမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်ပရပ် Huai Hinfon တက္ကသိုလ်အနီး စစ်ဆေးရေးဂိတ်တွင် သခွားသီးများတ...

မေ ၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲခန့်က မြ၀တီနယ်စပ် တစ်ဖက်ခြမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်ပရပ် Huai Hinfon တက္ကသိုလ်အနီး စစ်ဆေးရေးဂိတ်တွင် သခွားသီးများတင်ဆောင်လာသော မီးခိုးရောင် အစ်ဆူဇူးကား၊ တာ့ခ်ခရိုင် ကားနံပါတ် 7619 ပေါ်တွင် ခိုးသွင်းလာသည့် မြန်မာ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြန်ကြောင်း သိရသည်။ ယာဉ်မောင်းသည် ၄၈ နှစ်အရွယ် ဖက်ဒင်ဆန်ချန်းဆိုသူဖြစ်ကာ လိုက်ပါလာသူ မြန်မာ ၄ ဦးသည် ဘန်ကောက်တွင် တစ်လဘတ် ၂၀၀၀၀ ရမည့် အလုပ်အကိုင်အတွက် သွားရောက်သူများဖြစ်ကာ သခွားသီးကားထဲ သိုဝှက်သယ်ဆောင်ပေးခြင်းဖြစ်သည်ဟု ဝန်ခံခဲ့ကြောင်း သိရသည်။



news-view-count-icon

25