ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်၊ အလယ်ပိုင်း၊ ပြည်နယ် ၄၄ ခုနှင့် ဘန်ကောက်မြို့၏ ၄၀ ရာခိုင်နှုန်းသည် ယနေ့ မေလ ၂ ရက်နေ့၌ မိုးရွာနိုင်ပြီး လေပြင်းတိုက်ခတ်မှု ကြုံတွေ့ရမည်ဟု မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ ကျေးလက်ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ကြောင်း ဦးစီးဌာနမှ သတိပေးထားသည်။ မြောက်ပိုင်းပြည်နယ်များ၏ လေးဆယ်ရာခိုင်နှုန်း၊ အရှေ့မြောက်ဘက် ၃၀ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံအလယ်ပိုင်းတွင် ၃၀ ရာခိုင်နှုန်း မိုးရွာမည်။



