ထိုင်းနိုင်ငံတွင် ဧပြီ ၂၉ ရက်က Bangna-Trad လမ်းပေါ်ရှိ ကွန်ကရစ်တုံးတစ်တုံးနှင့် ဆင်တူသည့် အရာဝတ္ထုတစ်ခု ပြုတ်ကျခဲ့ရာ လမ်းအသုံးပြုသူ ယာဉ်၏ လေကာမှန် ပျက်စီးသွားကြောင်း ထိုင်းအမြန်လမ်း အာဏာပိုင်အဖွဲ့က အခင်းဖြစ်ပွားသည့်နေရာနှင့် CCTV မှတ်တမ်းများကို စစ်ဆေးခဲ့သည်။ လူကူးတံတားပေါ်မှ ကွန်ကရစ်တုံးတစ်တုံးကို တစ်စုံတစ်ယောက်က ပစ်ချသည်ကို တွေ့ရှိခဲ့သည်။ အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပြစ်မှုကျူးလွန်သူကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။



