back

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပမည်

May 02 • 12:25 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပမည်

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယခု မေလ(၂၅)ရက် မွန်းလွဲ(၁)နာရီအချိန်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆို...

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယခု မေလ(၂၅)ရက် မွန်းလွဲ(၁)နာရီအချိန်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ပြိုင်ပွဲကို မြန်မာ့ရိုးရာ လက်ဝှေ့သင်တန်းကျောင်း (MFC)က စီစဉ်ကျင်းပခြင်းဖြစ်ပြီး အဆိုပါ ပြိုင်ပွဲမှ ရရှိလာမည့် ငွေကြေးများကို ငလျင်ဒဏ်သင့်ဒေသ ပြန်လည်ထူထောင်းရေးအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ပြိုင်ပွဲအတွင်း ခေါင်တွဲဆိုင်းများအနေဖြင့် ထွန်းမင်းနိုင် နှင့် Veenut (ထိုင်း)၊ ရာမာဉ်နှင့် Kittisak (ထိုင်း)၊ ကျော်ဇင်လတ် (MFC)နှင့် ထွန်းတောက်မင်း (အဖြူရောင်သွေးသစ်)တို့အပါအဝင် တွဲဆိုင်း (၁၂)ဆိုင်း ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ONE ပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်ထိုးသ- တ်ခဲ့ကြသည့် စိန်လုံးချော၊ သွေးလင်းထက်၊ စောမင်းနိုင်၊ သွေးသစ်မောင်တို့လည်း ပါဝင်ထိုးသ-တ်သွားကြမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

26