back

ဖိလစ်ပိုင်၌ ယာဉ်ငါးစီးတိုက်မိ ၁၂ ဦး‌ သေဆုံးပြီး ၃၀ ဦးထိခိုက်ဒဏ်ရာရခဲ့

May 02 • 11:55 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖိလစ်ပိုင်၌ ယာဉ်ငါးစီးတိုက်မိ ၁၂ ဦး‌ သေဆုံးပြီး ၃၀ ဦးထိခိုက်ဒဏ်ရာရခဲ့

ဖိလစ်ပိုင်နိုင်ငံ မနီလာမြိုမြောက်ဘက်ရှိအမြန်လမ်းပေါ်တွင် ယာဉ်ငါးစီးဆက်တိုက်မှုကြောင့် ကလေးငယ်ခြောက်ဦးအပါအဝင် လူ ၁၂ ဦး‌ သေဆုံးပြီး လူ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှ...

ဖိလစ်ပိုင်နိုင်ငံ မနီလာမြိုမြောက်ဘက်ရှိအမြန်လမ်းပေါ်တွင် ယာဉ်ငါးစီးဆက်တိုက်မှုကြောင့် ကလေးငယ်ခြောက်ဦးအပါအဝင် လူ ၁၂ ဦး‌ သေဆုံးပြီး လူ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ အဆိုပါယာဉ်တိုက်မှုသည် မေလ ၂ ရက် ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၈ မိနစ်ဝန်းကျင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည်တင်ဘက်စ်ကားတစ်စီး၊ အားကစားသုံးယာဉ်သုံးစီးနှင့်ကွန်တိန်နာကားတို တိုက်မိခဲ့ကြခြင်းဖြစ်သည်။ ခရီးသည်တင်ဘက်စ်ကားက အရှိန်မထိန်းနိုင်ဘဲ ၎င်းရှေ့မှယာဉ်ကိုဝင်တိုက်ကာ အဆိုပါယာဉ်ကတစ်ဆင့် တိုးဂိတ်၌ဂိတ်ကြေးပေးရန်ရပ်ထားသည့်ကားသုံးစီးကိုပါ ဆင့်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။



news-view-count-icon

11