back

ကမ္ဘောဒီးယား၌ ပထမလေးလအတွင်းမူးယစ်တရားခံ ၈,၂၀၃ ဦးဖမ်းဆီးခဲ့

May 02 • 11:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘောဒီးယား၌ ပထမလေးလအတွင်းမူးယစ်တရားခံ ၈,၂၀၃ ဦးဖမ်းဆီးခဲ့

ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ် ပထမလေးလပတ်အတွင်း၌ပင် မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သည့် သံသယတရားခံ ၈,၂၀၃ ဦးအား ဖမ်းဆီးထားပြီး တစ်နှစ်ထက်တစ်နှစ် ၁၅ ရာခိုင်နှုန်းတိုးလာသည်ဟ...

ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ် ပထမလေးလပတ်အတွင်း၌ပင် မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သည့် သံသယတရားခံ ၈,၂၀၃ ဦးအား ဖမ်းဆီးထားပြီး တစ်နှစ်ထက်တစ်နှစ် ၁၅ ရာခိုင်နှုန်းတိုးလာသည်ဟုလည်း မူးယစ်တိုက်ဖျက်ရေးဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ သံသယတရားခံအရေအတွက် တိုးမြင့်လာသော်လည်း လက်ဝယ်ဖမ်းဆီးရရှိမှုပမာဏသည် ယခုနှစ်ပထမလေးလပတ်အတွင်း ၁ ဒဿမ ၆၂ တန်သာရှိပြီး ယမန်နှစ်အလားတူကာလက ၃ ဒဿမ ၈၇ တန်ရှိသည့်အတွက် ၅၈ ရာခိုင်နှုန်းခန့်ကျဆင်းသွားသည်ဟုလည်းဆိုသည်။ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးအများစုတွင် ကက်တမင်း၊ စိတ်ကြွဆေးပြားများ၊ ဘိန်းဖြူ၊ ခရစ်စတယ်မက်သာဖက်တမင်း၊ မက်သာဖက်တမင်းဆေးပြား၊ ကိုကင်းနှင့်ကက်သနင်းတို့ ပါဝင်ကြသည်။



news-view-count-icon

9