အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲနှင့် ချီတက်မှုများ ကျင်းပရန် လူထောင်ပေါင်းများစွာတို့သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့လယ်တွင် ကြာသပတေးနေ့ (မေလ ၁ ရက်)က စုဝေးခဲ့ကြသည်။ Los Angeles May Day Coalition မှ စီစဉ်သော ဤပွဲသည် အလုပ်သမားများ၏ အခွင့်အရေးနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ယခုနှစ်တွင်မူ ထရမ့်အစိုးရ၏ ရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံမှနှင်ထုတ်ပစ်ရန် ကြိုးပမ်းမှုများကို ဆန့်ကျင်ရေးအတွက် ဆန္ဒဖော်ထုတ်သည့် ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။



