အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့ Sky Villaအဆောက်အဦ(C) အဆောင်၌ ၂.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ၁၆ : ၀၀ အချိန်တွင် မ(၁)ဦး(သေဆုံး) ၊ ၁၆ : ၁၅ အချိန်တွင် မ(၁)ဦး(သေဆုံး) ၊ ၁၆ :၂၀ အချိန်တွင် မ(၁)ဦး(သေဆုံး) တို၏ ရုပ်အလောင်းတို့အား ထုတ်ယူနိုင်ခဲ့ပါသည်။



