back

လားရှိုး ကုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံ အရေးပေါ်ကုသမှုဆောင်ပြန်လည်ဖွင့်လှစ်ပြီး တစ်ပတ်အတွင်း ဆေးရုံတစ်ခုလုံးဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ

May 02 • 11:18 AM

breaking-news

မြန်မာ

ရှမ်း

cover

လားရှိုး ကုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံ အရေးပေါ်ကုသမှုဆောင်ပြန်လည်ဖွင့်လှစ်ပြီး တစ်ပတ်အတွင်း ဆေးရုံတစ်ခုလုံးဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ

ယနေ့ (မေ ၂ ရက်) ကလားရှိုး ကုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံ အရေးပေါ်ကုသမှုဆောင်ကို နံနက် ၉ နာရီအချိန်ခန့်က ပြန်လည်ဖွင့်လှစ်ပြီး တစ်ပတ်အတွင်း ဆေးရုံတစ်ခုလုံးဖွင့်လှစ်နိ...

ယနေ့ (မေ ၂ ရက်) ကလားရှိုး ကုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံ အရေးပေါ်ကုသမှုဆောင်ကို နံနက် ၉ နာရီအချိန်ခန့်က ပြန်လည်ဖွင့်လှစ်ပြီး တစ်ပတ်အတွင်း ဆေးရုံတစ်ခုလုံးဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။“လားရှိုးကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးရဲ့ အခြေအနေက ဆေးရုံးပစ္စည်းအားလုံးသယ်သွားတာ၊ အခုဒီနေ့ဖွင့်တယ်ဆိုတာက အရေးပေါ်ကုသဆောင်ပြင်ပလူနာဌာနပေါ့၊ ဆေးရုံနဲ့တူအောင် သန့်ရှင်းရေးတွေကအစ ဆေးရုံသုံးစက်ကိရိယာပစ္စည်းတွေအဆုံး ပြန်ထည့်ရမှာ။ အခုအဲ့ဆေးရုံမှာ သန့်ရှင်းရေးကို တပ်၊ ရဲနဲ့ စည်ပင်အပြင် ရရှိထားတဲ့ အင်းအား ၁၀၀ နီးပါးနဲ့ သန့်ရှင်းရေးလုပ်နေတယ်။ သုံးရက်ကနေ တစ်ပတ်အတွင်းတော့ ဆေးရုံက ကောင်းကောင်းလည်ပတ်နိုင်အောင် သက်ဆိုင်ရာက‌ အထူးဂရုတစိုက်လုပ်နေတယ်”လို့ သိရပါသည်။




news-view-count-icon

16