မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေ ပျက်စီးခဲ့ရတဲ့အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ကျင်းပရာမှာ ပြန်လည်ဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူပေါင်း ခြောက်သောင်းသုံးထောင်ခန့် ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရပါတယ်။မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ကို ရောက်ရှိနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တွေက ဖြေဆိုသူဦးရေ ၆၂၉၅၄ ယောက်ရဲ့ အဖြေလွှာအုပ်ရေ ၃၇၆၉၅၆ အုပ်တို့ဟာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။



