မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် အဆောက်အဦအတွက် အာမခံလျော်ကြေးနှင့် ပျက်စီးခဲ့သည့် မော်တော်ဆိုင်ကယ်အတွက် အာမခံလျော်ကြေးပေးအပ်မှုကို ယနေ့ မေ၂ရက် နံနက်ပိုင်းက ဂလိုဘယ်ဝေါလ်အာမခံကုမ္ပဏီ(GWI) ၏ မန္တလေးရုံးခွဲ၌ ပြုလုပ်ခဲ့သည်ကို သိရပါသည်။ငလျင်ကြောင့် ထိခိုက်ခဲ့သည့် အဆောက်အဦအတွက် အာမခံလျော်ကြေးငွေကျပ်သိန်း(၂၅၀)နှင့် ပျက်စီးခဲ့သည့် ဆိုင်ကယ်အတွက် အာမခံလျော်ကြေးငွေကျပ်သိန်း(၅၀)ကို ပေးအပ်သည့်အပေါ် သက်ဆိုင်ရာအာမခံထားသူများက လက်ခံရယူပြီး ယခုလို အာမခံလျော်ကြေးမြန်ဆန်စွာပေးသည့်အတွက် ကျေးဇူးတင်စကား အသီးသီးပြန်လည်ပြောကြားခဲ့သည်။



