ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ကျောက်ဆောင်မြေခြားရွာတွင် မေလ ၁ ရက်နေ့ညနေပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကျေးရွာအတွင်း ရေကြီးမှုဖြစ်ပွားပြီး နေအိမ်တချို့လည်း ရေတစ်ဝက်မြုပ်ခဲ့ကြောင်းသိရသည်။ရေမြုပ်သွားခြင်းကြောင်း ရွာသားအိမ်အောက်ရှိသိုလှောင်ထားသော နွားချီးများ၊အာလူးများ၊ဂျင်းများ ရေမြုပ်ပျက်စီးသွားခြင်းများရှိကြောင်း သိရသည်။



