သမ္မတအသစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အစွန်းကုန် တွန်းအားပေးဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်း တောင်ကိုရီးယား ဝန်ကြီးချုပ်ဟောင်း Han Duck-soo က မေ ၂ ရက်တွင် ကြေညာခဲ့သည်။ Han Duck-soo က ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဆုံးဖြတ်ချက်ကို ယင်းနေ့က လွှတ်တော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သမ္မတအဖြစ် အောင်မြင်စွာ ရွေးချယ်ခံရပါက ၎င်းတာဝန်ထမ်းဆောင်သည့် ပထမနေ့တွင် သမ္မတ တိုက်ရိုက်လက်အောက်ခံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု ပံ့ပိုးရေးအဖွဲ့ကို တည်ထောင်သွားမည် ဖြစ်ကာ အခြေခံဥပဒေပြင်ဆင်မှု အောင်မြင်ရေးကို အစွမ်းကုန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။



