back

ပြီးပြည့်စုံတဲ့ညလို့ ဗိုလ်လုပွဲတက်ဖို့နီးစပ်ပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာ ပြော

May 02 • 4:42 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပြီးပြည့်စုံတဲ့ညလို့ ဗိုလ်လုပွဲတက်ဖို့နီးစပ်ပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာ ပြော

ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ယာဂါးဒန်းအသင်းကို အဝေးကွင်းမှာ ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိကာ ဗိုလ်လုပွဲတက်ဖို့ နီးစပ်ပ...

ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ယာဂါးဒန်းအသင်းကို အဝေးကွင်းမှာ ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိကာ ဗိုလ်လုပွဲတက်ဖို့ နီးစပ်ပြီးနောက် နည်းပြမာရက်စ်ကာက ပြီးပြည့်စုံတဲ့ညလို့ ပြောခဲ့ပါတယ်။ မာရက်စ်ကာက “အရေးပါတဲ့ ဆီမီးဖိုင်နယ်ပွဲနဲ့ ပြီးပြည့်စုံတဲ့ည ဖြစ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပေမယ့် ဒုတိယအကျော့ကို အာရုံစိုက်ဖို့လိုပါတယ်။ ပထမမိနစ် ၇၀ က ကောင်းမွန်ခဲ့ပေမယ့် နောက်ဆုံးမိနစ် ၂၀ မှာ အနည်းငယ် ကျသွားခဲ့ပါတယ်။ ကျနော်တို့ အလုပ်ကောင်းမွန်စွာ လုပ်ခဲ့ပေမယ့် အိမ်ကွင်းမှာလည်း အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့လိုပါတယ်။ ပွဲချိန်မိနစ်တွေနဲ့ ပတ်သက်ပြီး ကစားသမားတွေကို စီမံခန့်ခွဲနိုင်ဖို့ ကြိုးစား နေသလို သူတို့ကို ကာကွယ်ဖို့ လိုအပ်တယ်ဆိုတာ သိပါတယ်။ လာမယ့်ပွဲအတွက် ကျနော်တို့ စွမ်းအင်တွေ ပြန်လည်ရရှိဖို့လိုအပ်တယ်”လို့ ပြောခဲ့တာပါ။ 


news-view-count-icon

24