back

အင်ဒိုကဗီယက်နမ်နှင့်‌တောင်တရုပ်ပင်လယ်စာချုပ်ကို ဧပြီ၌အတည်ပြုမည်

May 02 • 4:43 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်ဒိုကဗီယက်နမ်နှင့်‌တောင်တရုပ်ပင်လယ်စာချုပ်ကို ဧပြီ၌အတည်ပြုမည်

အင်ဒိုနီးရှားနိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် သီးသန့်စီးပွားရေးဇုန်များ(EEZs) နယ်နိမိတ်သတ်မှတ်ခြင်းဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုမည်ဖြစ်ပြီး ရေပိုင်နက်နှင့်ပတ်သ...

အင်ဒိုနီးရှားနိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် သီးသန့်စီးပွားရေးဇုန်များ(EEZs) နယ်နိမိတ်သတ်မှတ်ခြင်းဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုမည်ဖြစ်ပြီး ရေပိုင်နက်နှင့်ပတ်သက်၍ ဆယ်စုနှစ်ကြာ အငြင်းပွားမှုကို ဖြေရှင်းရန် မျှော်လင့်ထားကြောင်း အင်ဒိုနီးရှား သမ္မတပရာဘိုဝို ဆူဘီယန်တိုက ပြောကြားခဲ့သည်။ ဂျကာတာနှင့် ဟနွိုင်တို့သည် ၁၂ နှစ်ကြာ စေ့စပ်ညှိနှိုင်းမှုများလုပ်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် EEZ များဆိုင်ရာ နယ်နိမိတ်သတ်မှတ်မှုကို သဘောတူညီချက်ရခဲ့သည်။ တောင်တရုတ်ပင်လယ်ရှိ Natuna ကျွန်းစုအနီးတစ်ဝိုက် ရေပိုင်နက်အတွင်း ထပ်နေသော ပိုင်နက်သတ်မှတ်ချက်များနှင့်ပတ်သက်၍ အငြင်းပွားမှုများအတွင်း နှစ်နိုင်ငံသည် ကျရောက်နေခဲ့ခြင်းဖြစ်သည်။ အဆိုပါ သဘောတူညီချက်ကို စတင်အကျိုးသက်ရောက်စေရန်အတွက် နှစ်နိုင်ငံလွှတ်တော်လုံးက အတည်ပြုရမည်ဖြစ်သည်။


news-view-count-icon

30