အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို( Marco Rubio)က တင်းမာမှုများကို ဖြေလျှော့ကြရန် အိန္ဒိယနှင့် ပါကစ္စတန် အကြီးတန်း တာဝန်ရှိသူများအား တိုက်တွန်းခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။ ကက်ရှ်မီးယားတွင် လွန်ခဲ့သည့် သီတင်းပတ်က လူသေဆုံးမှုများရှိခဲ့သော တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ရူဘီယိုက ယခုကဲ့သို့တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။



