အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အလိုရှိနေသည့် ယူကရိန်း၏ သတ္တုများကို အမေရိကန်က တူးဖော်ခွင့်ရရှိမည့် သဘောတူစာချုပ်ကို အမေရိကန်နှင့် ယူကရိန်းသည် ဧပြီ ၃၀ ရက်က ချုပ်ဆိုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ ထိုစာချုပ်ကြောင့် အမေရိန်သည် ယူကရိန်း၏ သတ္တုများကို တူးဖော်ခွင့်နှင့် ယူကရိန်းနိုင်ငံ ပြန်လည် ထူထောင် ရေးတွင် ရန်ပုံငွေများ ရင်းနှီးမြှုပ်နှံခွင့် ရရှိမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။



