တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို သည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုနှင့် ပတ်သက်ပြီး မေ ၁ ရက်တွင် အာဏာအလွဲ သုံးမှုဖြင့် စွဲချက်တင်ခံခဲ့ရကြောင်း အစိုးရ ရှေ့နေများက ပြောကြားခဲ့သည်။ ယွန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃ ရက်က ဒီမိုကရေစီစနစ်ကျင့်သုံးသည့် တောင် ကိုရီးယားတွင် အရပ်ဘက်အုပ်ချုပ်ရေးကို ဆိုင်းငံ့ရန် စစ်အုပ်ချုပ်ရေးကြေညာမှုကြောင့် ပုန်ကန်မှုစွဲချက်များနှင့် ရင်ဆိုင်နေရချိန်တွင် အာဏာအလွဲသုံးမှုစွဲချက်အသစ်နှင့် ထပ်မံ ရင်ဆိုင်ခဲ့ရသည်။ ယွန်းသည် စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့သဖြင့် လွှတ်တော်အမတ်များက ၎င်းအား စွပ်စွဲပြစ်တင်ပြီး သမ္မတရာထူးမှ ဆိုင်းငံ့ ခဲ့ကာ ဧပြီလအစောပိုင်းတွင် အခြေခံဥပဒေ ဆိုင်ရာတရားရုံးက ယွန်းအား သမ္မတရာထူးမှ ဖယ်ရှားခဲ့သည်။



