ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဌာနက ထိုင်းမှာ Online Arrival Card ကို စတင် ကျင့်သုံးတဲ့ မေလ ၁ ရက်နေ့မှာ နိုင်ငံခြားသား ၉၀ ရာခိုင်နှုန်းဟာ မှတ်ပုံတင်ခဲ့ကြတယ်လို့ ပြောပါတယ်။ Thailand Digital Arrival Card (TDAC) ဟာ စာရွက်စာတမ်း ဖြည့်ရတဲ့ လူဝင်မှုကြီးကြပ်ရေး ဖောင် TM.6 ကို အစားထိုးထားတာ ဖြစ်ပါတယ်။ ထိုင်းကို လာတဲ့ နိုင်ငံခြားသား အားလုံးဟာ www.tdac.immigration.go.th မှာ အွန်လိုင်းကနေ မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။ ထိုင်းကို လာရောက်တဲ့ နေ့ မတိုင်ခင် ၃ ရက် ကြိုတင်ပြီး ဖောင်ကို ဖြည့်နိုင်ပါတယ်။ ထိုင်း ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနရဲ့ အတွင်းရေးမှူး Natthriya Thaweevong က TDAC ကို စတင် ကျင့်သုံးတဲ့ ပထမဆုံးနေ့မှာ အောင်မြင်ခဲ့ပြီး နိုင်ငံခြားသား ၉၀ ရာခိုင်နှုန်း အွန်လိုင်းကနေ မှတ်ပုံတင်ခဲ့တယ်လို့ ပြောပါတယ်။



